Tuesday, March 24, 2015

အချစ်ဆိုသည်မှာ..

ဆုနှင်း

မနေ့က ဆုနှင်းကို 
ကိုယ်ချစ်နေတယ်ဆိုတာ
ပြောပြတော့...
ဆုနှင်းက မယုံဘူးတဲ့..

ရုတ်တရက်ကြောင့်လား..
ဒါမှမဟုတ်..
အစ်ကို ကိုများ
လက်မခံနိုင်လို့လား..

ဆုနှင်းကို အစ်ကို စကားစပြောကတည်းက
ဘာတစ်ခုမှ မလိမ်ခဲ့ပါဘူး..
ဘာလို့လဲဆိုတော့
ဆုနှင်းကို ချစ်လို့ပေါ့...

ကိုယ်လိမ်ညာပြီးပြောခဲ့ရင်
မရိုးသားခဲ့ရင်..
နှောင်တစ်ချိန်မှာ
ဆုနှင်း အမှန်တွေ သိရင်
ကိုယ့်ကို ပိုစိတ်ဆိုးမှာ အမှန်ပဲလေ..

ဆုနှင်းကို ကိုယ်ပြောပြချင်တာတွေ 
အများကြီးရှိသေးတယ်..
ပြောပြခွင့်လေးတော့ ရချင်မိတယ်..
အဓိကတော့ 
ဆုနှင်းကို ချစ်မိတဲ့.. ချစ်နေတဲ့..
ဆက်ချစ်နေမယ့် အကြောင်းတွေပေါ့...





No comments:

Post a Comment